Search

“💖ဖြူဖြူ့ထံသို့နှလုံးသားသဝဏ်လွှာ💖”

ဒီနေ...

  • Share this:

“💖ဖြူဖြူ့ထံသို့နှလုံးသားသဝဏ်လွှာ💖”

ဒီနေ့ (၁၆) ယောက်မြောက်ဖော်ပြခံရသူအနေနဲ့ရွေးချယ်ထားတာကတော့... "အောင်ကျော်ဦး" ဖြစ်ပါတယ်ရှင်🥰

#ToDiva
❤ မင်္ဂလာပါမမ❤
ကျနော်ကအောင်ကျော်ဦးပါ။ ဒီစာလေးကတော့ဒုတိယအကြိမ်မြောက်ပို့လိုက်တဲ့စာလေးပါဗျ။ကျွန်နော်မမကိုအားပေးခဲ့တာကတော့ ၂၀၁၅လောက်ကပါ။မမရဲ့မိန်းကလေးတစ်ယောက်အသည်းကွဲနေတယ် album ထဲက ချယ်ရီလမ်းသီချင်းလေးကိုအရမ်းကြိုက်ခဲ့ပြီး တစ်ခွေလုံးကို phone ထဲ down ခဲ့ပါတယ်။နောက်တော့မမရဲ့pageမှာ အစဥ်မပြတ်အားပေးခဲ့ပါတယ်။မမရဲ့ interview တွေ
talk show တွေကိုအမြဲကြည့်ခဲပါ။ဗဟုသုတတွေ၊သင်ယူစရာတွေကိုအမြဲမျှဝေတဲ့အတွက်အကျိုးကျေးဇူးတွေအများကြီးရပါတယ်။
ကျနော်မမှီလိုက်တဲ့သီချင်းတွေ မှီလိုက်တဲ့သီချင်းတွေအကုန် music appထဲမှာအပြည့်ပါဘဲ။😁😁 မမရဲ့ပုံတွေကလည်း gallery ထဲ့မှာအပြည့်ပါဘဲ။live မှာ နာမည်ခေါ်လိုက်တိုင်းလည်းအရမ်းကိုပျော်ရပါတယ်။
၁။ မမရဲ့စိတ်ထားကအရမ်းကောင်းတဲ့အတွက်
၂။ မမရဲ့ဂီတအပေါ်မှာထားတဲ့ခံယူချက်ကအရမ်းကောင်းတဲ့အတွက်
၃။ ပရိတ်သတ်တွေကိုတန်ဖိုးထားတဲ့အတွက်
၄။ ကို့ပတ်ဝန်းကျင်ကိုနိုင်သလောက်ပြုပြင်ပေးတဲ့အတွက်
၅။ အရာရာကိုချစ်သောမျတ်စိနဲ့ဘဲကြည့်တဲ့အတွက်
အရမ်းကိုလေးစားတယ်။ဂီတလမ်းကြောင်းပေါ်မှာ ၁၇ နှစ်တိုင်အောင်ရပ်တည်နိုင်တဲ့မမရဲ့ကြံ့ကြံ့ခံနိုင်တဲ့စိတ်ကိုလေးစားပါတယ်။
ပရိတ်သတ်တစ်ယောက်အနေနဲ့လည်းအရမ်းကိုဂုဏ်ယူတယ်။
မမကိုလည်းအပြင်မှာမြင်ဘူးချင်တယ်။show ပွဲတွေမှာလည်းလိုက်ပြီး ဖုန်ထခုန်စွချင်ပါတယ်။
(ကိုမြင့်နိုင်ကြီး​မြန်မြန်ထွက်သွားပါစေ🙏🙏🙏)မမအကြောင်းရေးရင်တော့မကုန်နိုင်ပါဘူး။အပြင်မှာ တွေ့မှမမကိုစကားတွေအများကြီးပြောတော့မယ်😁😁။
❤❤❤❤❤❤❤❤❤❤❤❤❤❤
ချစ်ရတဲ့ diva ဂီတလမ်းကြောင်းပေါ်မှာနှစ်ရာချီတိုင်ထွန်းတောက်နိုင်ပါစေ။
❤ New warrior❤
ဖြူဖြူအောင်ကျော်

ဒီ program လေးကိုတနင်္ဂနွေနေ့မနက်တိုင်းဖြူဖြူရဲ့ဒီ official page မှာ first post အနေနဲ့တင်ပေးသွားမှာပါရှင့်😇
ချစ်တဲ့ပရိသတ်တွေကဖြူဖြူ့ဆီပေးပို့လာတဲ့ရင်တွင်းဖြစ် စာလွှာလေးတွေထဲကမှတစ်ပတ်ကိုတစ်ယောက်ရွေးချယ် ပြီးဓာတ်ပုံလေးနဲ့တကွအမှတ်တရတင်ပေးသွားမှာပါ🥰(ဟိုးအရင် internet မပေါ်ခင်ကတော့...ဖြူဖြူနဲ့ပရိသတ် တွေကြားဘောပင်နဲ့အပြန်အလှန်ရေးတဲ့စာလွှာလေးတွေရှိခဲ့ကြတာပေါ့🥰... ခုခေတ်မှာတော့ keyboard နဲ့ရေးတဲ့စာလွှာလေးတွေအဖြစ် update လုပ်လိုက်ပြီပေါ့နော်😉)
ဒီစာလွှာလေးတွေကိုဖတ်ရတိုင်း ပျော်ရတယ်..ကြည်နူးရတယ်..စိတ်ခွန်အားသစ်တွေရတယ်..ကျေနပ်ရတယ်.. စိတ်ချမ်းသာရတယ်..ပိုကြိုးစားချင်စိတ်တွေဖြစ်တယ်..ကို ယ့်ကိုဘယ်ချိန်ဘယ်ခါတည်းကဘယ်လောက်ထိအားပေးချစ်ခင်တန်ဖိုးထားလဲဆိုတာသိရတယ်..အဲ့ဒီအတွက်အရမ်းလည်းကျေးဇူးတင်ရပါတယ်😇
ဖြူဖြူ့ဆီကို နှလုံးသားသဝဏ်လွှာ လေးတွေပေးပို့ပြီးဒီ program လေးမှာဖြူဖြူ့ကိုချစ်တဲ့သူတွေနဲ့အတူတူပါဝင် join ချင်တယ်ဆိုရင်တော့ #ToDiva လို့ထိပ်စီးတပ်ရေးသားပြီးအောက်က group link လေးဆီကိုပေးပို့ရမှာဖြစ်ပါတယ်🥰
https://www.facebook.com/groups/3269945066376669/?ref=share


Tags:

About author
not provided
SINGER. PERFORMER. "THOU SHALT BE REMEMBERED "
View all posts